ပန်းတောင်း မတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံ၌ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား(အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လစဥ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီခွဲအချိန်က အခမဲ့စမ်းသပ်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆေးကုသပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထိုက်စိုး ဦးဆောင်၍ ဆရာ၊ ဆရာမများက အငြိမ်းစားဝန်ထမ်းများကို အပူချိန်များတိုင်းတာ၍ လည်းကောင်း၊ ဆီးချို၊ သွေးချို၊ နှလုံးရောဂါ၊ လေးဘက်နာရောဂါ၊ အစာအိမ်ရောဂါ၊ သွေးတိုးရောဂါအစရှိသော ရောဂါများကို အခမဲ့စမ်းသပ်စစ်ဆေးကုသပေးခြင်းနှင့် ဆေးဝါးများ အခမဲ့ပေးလျက်ကြောင်း သိရသည်။
အဆိုပါ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို လစဥ် (၂၁) ရက်နေ့ နံနက် (၉) နာရီခွဲအချိန်မှ ညနေ (၄) နာရီအချိန်ထိ အခမဲ့ဆေးကုသပေးလျက်ရှိရာ လက်ရှိတွင် လူနာဟောင်း (၅၂) ဦး၊ လူနာသစ် (၁၈)ဦးစုစုပေါင်း (၈၇) ဦးခန့် ဆေးကုသမှုခံယူလျက်ရှိကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထိုက်စိုးထံမှ သိရသည်။
လပြည့်လင်း(ပြန်/ဆက်)