မင်းလှမြို့၌ နွေရာသီမြန့်မာ့သိုင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

အထက်မင်းလှ မတ် ၂၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ တပ်မတော်အကြီးစားစက်ရုံ (မလွန်) မှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီမြန်မာ့သိုင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီခွဲက မလွန်အ‌ခြေခံပညာအထက်တန်းကျောင်း၊ မြဧရာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး တပ်မတော်အကြီးစားစက်ရုံ(မလွန်)မှ စက်ရုံမှူးကြီးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းလှိုင်က သင်တန်းတွင် သင်ကြားပို့ချပေးမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားသည်။

အဆိုပါ နွေရာသီမြန်မာ့သိုင်းသင်တန်းကို ၂၀၂၅ ခုနှစ်၊ မတ် (၂၀) ရက်နေ့မှ (၃၁) ရက်နေ့အထိ သင်တန်းနည်းပြဆရာ၊ ဆရာမများက သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)