ဆင်ပေါင်ဝဲမြို့၌ အပူဒဏ်အန္တရာယ် တားဆီးကာကွယ်ရေးနှိုးဆော်ချက် မြေစိုက်နံရံကပ်ဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ဆင်ပေါင်ဝဲ မတ် ၂၀

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် အပူဒဏ်အန္တရာယ်တားဆီးကာကွယ်ရေးနှိုးဆော်ချက် မြေစိုက်နံရံကပ်ဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဆင်ပေါင်ဝဲမြို့ ပြည်သူ့ဆေးရုံအပြင်နှင့် မြို့မစျေးအတွင်း၊ အပြင်တို့၌ ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြည်သူ့ဆေးရုံမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ​မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က ဒေသခံပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေခဲ့သည်။

အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ဂနာမငြိမ်ခြင်း၊ ခေါင်းမူးနောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ တစ်ကိုယ်လုံးနုံးချိပျော့ခွေခြင်းနှင့် ကြွက်တက်ခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်းကြောင့် ခန္ဓာကိုယ်အရေပြားအေး၍ စိုစွတ်ခြင်း၊ ခန္ဓာကိုယ်အပူချိန်မြှင့်တက်ခြင်း စသည့်သတိပြုရမည့် အပူဒဏ်အန္တရာယ်ကျရောက်သည့်လူနာကို အရေးပေါ်ရှေးဦးပြုစုခြင်းနှင့် အပူဒဏ်အန္တရာယ် ကာကွယ်ရေးနှိုးဆော်ချက်များ စသည့်အကြောင်းအရာများပါဝင်သော အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ပြန်/ဆက်)