နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်ဆေးတပ်ရင်း၌ စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားကျင်းပ

ချမ်းအေးသာစံမတ် ၂၀

နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်း သွေးလှူဒါန်းပွဲအခမ်းအနားကို မတ်လ (၁၉) ရက်နေ့ နံနက်ပိုင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်ဆေးတပ်ရင်း၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းစစ်ဌာနချုပ်မှအရာရှိ၊ စစ်သည်၊  မိသားစုဝင်များ၊ မန္တလေးတိုင်းဒေသကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စေတနာရှင်သွေးလှူရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများကသွေးလှူရှင် ၂၂၀ ဦးတို့အား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်ခြင်း၊ သွေးအုပ်စုခွဲခြားခြင်း ဆောင်ရွက်ပေးနေမှုများနှင့်  သွေးလှူဒါန်းနေမှုများကို လိုက်လံကြည့်ရှုအားပေးကာ သွေးလှူရှင်များအား အဟာရဖြည့်စားသောက် ဖွယ်ရာများပေးအပ်ခဲ့ကြောင်းနှင့် သွေးလှူဒါန်းပွဲအခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ကြောင်း၊ သွေးအိတ်များကို မန္တလေးပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူများကလက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ထွန်းထွန်းနိုင်

ချမ်းအေးသာစံ (ပြန်/ဆက်)