တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် ကျောင်းသား/ကျောင်းသူများ ယာဥ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်

တောင်တွင်းကြီး မတ် ၁၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၇)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ တက္ကသိုလ်ဝင်စာမေးပွဲလာရောက်ဖြေဆိုခဲ့ကြသည့် ကျောင်းသား/ကျောင်းသူလေးများ ယာဥ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်များက နေ့စဥ်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာ တောင်တွင်းကြီးမြို့နယ်ယာဥ်ထိန်းတပ်ဖွဲ့မှ ဒုအရာခံဗိုလ်စိုးပိုင်နှင့်ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက တက္ကသိုလ်ဝင်စာမေးပွဲလာရောက်ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ ကျောင်းကြို/ကျောင်းပို့ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ လမ်းသွား/လမ်းလာမော်တော်ယာဉ်များ စာမေးပွဲဖြေဆိုစဉ်ကာလအတွင်း ယာဉ်လမ်းကြောပိတ်ဆို့မှုမဖြစ်ပွားစေရေး၊ ယာဉ်လမ်းအန္တရာယ်ကင်းဝေးစေရေးနှင့် ယာဉ်တိုက်မှုမဖြစ်ပွားစေရေးတို့ကို စာမေးပွဲကာလအတွင်း နေ့စဥ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

နောင်နောင် (ဗိဿနိုးမြေ)