ညောင်လေးပင် မတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပရာ ညောင်လေးပင်မြို့တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အ.ထ.က(၂) ပြွန်တန်ဆာ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန (၂) ခုခွဲ၍ ဖြေဆိုကြသည်။
အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဖြေဆိုသူ (၇၃၆) ဦး (၉၃.၈၈) ရာခိုင်နှုန်း၊ အ.ထ.က(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဖြေဆိုသူ (၃၀၄) ဦး (၉၇.၇၉) ရာခိုင်နှုန်းရှိသဖြင့် စုစုပေါင်း ဝင်ရောက်ဖြေဆိုသူ (၁၀၄၀) ဦး (၉၄.၉၈) ရာခိုင်နှုန်း ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)