စေတုတ္တရာမြို့နယ်၌ ရင်သွေးငယ်လေးများအား ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ချီးမြှင့်ပွဲနှင့် ပဒေသာကပွဲအခမ်းအနား ကျင်းပ

စေတုတ္တရာ မတ် ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့ မူလတန်းကြိုကျောင်းတွင် ၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ် ကျောင်းသား/သူများ၏ ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်၍ မူကြိုရင်သွေးငယ်လေးများက “တစ်နှစ်နွမ်းတစ်နှစ်ဆန်း၊ စဉ်းစားချင်ပါတယ်” စသည့် ​​တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက မူလတန်းကြိုကျောင်းတွင် ကျောင်းဆင်းမည့် ကျောင်းသား/သူတို့အား ကျောင်းဆင်းဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ပြီး စုပေါင်း၍ အမှတ်တရမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့  မြို့နယ်ပညာရေးမှုး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိနှင့် ဆရာမများ၊ ကျောင်းသား/သူများနှင့် မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဆန်းကိုကို(ပြန်/ဆက်)