သဲကုန်း မတ် ၁၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူး၍ ၁၃၈၆ (၂၀၂၅) ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို မတ်လ ၃၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ (၂) နာရီအချိန်က သာရမဥ္ဇူသာမိုးကောင်းစေတီတော်ကြီးဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးကို နမောတဿသုံးကြိမ်ရွတ်ဆို ဖွင့်လှစ်၍ ဒါယိကာ၊ ဒါယိကာမအပေါင်း သူတော်ကောင်းတ်ို့က မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဦးသြသဓထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး၊ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော် ဦးသြသဓက သြဝါဒကထာမြွတ်ကြားချီးမြှင့်၍၊ မြို့နယ်သံဃာ့နာယကအဖွဲ့တွဲဖက်အတွင်းရေးမှူး ဆရာတော်က စာဖြေကိစ္စရပ်များအား ရှင်းလင်းကာ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေး၊ မြို့နယ်သာသနာရေးမှူး ဦးစောငြိမ်းသောင်းနှင့် မြို့နယ်ဥပထမ္ဘကအဖွဲ့ဥက္ကဋ္ဌ ဦးတင်ထွန်းတို့က သာသနာရေးဆိုင်ရာကိစ္စရပ်များအား လျှောက်ထားပန်ကြားခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
၁၃၈၆ (၂၀၂၅) ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ (ကြီး၊ လတ်၊ ငယ်၊ မူ) ကို ဘာသာရပ်များအလိုက် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိ နေ့စဉ်မွန်းတည့် ၁၂ နာရီမှ ညနေ ၃ နာရီအထိဖြေဆိုရမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)