ပေါက်မြို့စာစစ်ဌာန၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲစတင်ဖြေဆို

ပေါက် မတ် ၁၈

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့အ.ထ.က စာစစ်စာဌာနတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယမန်နေ့နံနက်ပိုင်းမှစတင် ဖြေဆိုကြောင်းသိရသည်။

ပေါက်မြို့ အ.ထ.က စာစစ်ဌာနတက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(ပေါက်)မှ စာရင်းသွင်းထားသည့် ကျောင်းသား/ကျောင်းသူ (၁၉၄)ဦး၊ ပျက်ကွက်သူ (၂၀)ဦး၊ ဖြေဆိုသူ(၁၇၄) ဦးဖြစ်ပြီး (၈၉.၆၉) ရာခိုင်နှုန်း ဖြေဆိုခဲ့ကြောင်း သိရှိရပါသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာဖြေဆိုနိုင်ရေးအတွက် ပေါက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပညာရေးဌာနမှတာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကျောင်းသား/ကျောင်းသူများ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်