ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မျက်စိကျန်းမာရေးစောင့်ရှောက်မှုနှင့် မျက်စိခွဲစိတ်ကုသမှု ဆောင်ရွက်ပေး

ပဲခူး မတ် ၁၈

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကဆေးရုံကြီး၊ အောင်သုခဆေးကုသဆောင်၌ မျက်စိခွဲစိတ်ကုသမှုပြီးစီးသည့် လူနာများအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အောင်သုခဆေးကုသဆောင်သို့ ရောက်ရှိခဲ့ပြီး မျက်စိခွဲစိတ်ကုသမှုပြီးစီးခဲ့သည့် လူနာများနှင့်တွေ့ဆုံ၍ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မျက်စိကျန်းမာရေးစောင့်ရှောက်မှုနှင့် မျက်စိခွဲစိတ်ကုသမှုများကို ခရိုင်အလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူများ၏ ဘက်စုံကျန်းမာရေးမြင့်မားမှသာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးများ ပြည့်စုံကောင်းမွန်လာမှာဖြစ်ကြောင်း၊နားမှာအရှုံး မျက်စိမှာအဆုံးဆိုသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံတော်မှစေတနာထား၍ မျက်စိဝေဒနာရှင်များ၏ ဘဝများဆုံးရှုံးမှုမဖြစ်စေရေးအတွက် ဆောင်ရွက်ပေးခြင်းဖြစ်ရာ မျက်စိခွဲစိတ်ကုသမှုခံယူထားသည့် ပြည်သူများအနေဖြင့် မျက်စိကျန်းမာရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်အချက်အလက်များအား သေချာမှတ်သား လိုက်နာဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မျက်စိခွဲစိတ်ကုသမှုခံယူပြီးသူများအား မျက်စိကျန်းမာရေးမျက်မှန်များ တပ်ဆင်ပေးခဲ့ပြီး အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုလမ်းညွှန်မှုဖြင့် ကုသရေးဦးစီးဌာန၏ ရည်မှန်းချက်များဖြစ်သော  ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ လွှမ်းခြုံမှု တိုးတက်ရေး၊ ပြည်သူ့ဆေးရုံများ၏ ကုသမှု အရည်အသွေးမြင့်မားရေးဟူသော ရည်မှန်းချက်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပဲခူးခရိုင်နှင့် ညောင်လေးပင်ခရိုင်အတွင်းရှိ မျက်စိကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သောလူနာများနှင့် မျက်စိခွဲစိတ်ကုသမှု လိုအပ်သောလူနာများအတွက် ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် လွန်ခဲ့သော()ပတ်ခန့်မှစ၍ လူနာ(၈၅၀)ဦးအား စမ်းသပ်ပေးခဲ့ပြီး ခွဲစိတ်ရန်လိုအပ်သည့် လူနာ(၂၅၀)ဦးအတွက် ပဲခူးမြို့မှ မျက်စိဆရာဝန်ကြီး()ဦး၊ ပြည်မြို့မှ မျက်စိအထူးကုဆရာဝန်()ဦးတို့ဖြင့် မတ်လ(၁၇)ရက်နေ့မှစ၍ တစ်ရက်လျှင် လူနာ(၅၀)ဦးအား ခွဲစိတ်ကုသပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)