ထန်းတပင် မတ် ၁၈
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲကို မြို့နယ်သီရိမင်္ဂလာခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူး ဝင်းနိုင်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးကို အခြေခံ၍ ရပ်ကွက် ကျေးရွာအုပ်စုများမှ အားကစားသမားများ ပေါ်ထွန်းလာစေရေး လူငယ်လူရွယ်များအနေဖြင့် အားကစားကို စိတ်ပါဝင်စားစွာ သင်ယူကြခြင်းဖြင့် ကိုယ်ကာယကြံ့ခိုင်စေခြင်း အချင်းချင်းစည်းလုံးညီညွတ်မှုရရှိပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် ရည်ရွယ်၍ နွေရာသီအခြေခံအားကစားသင်တန်းကို မတ်လ ၁ ရက်နေ့မှ ၁၈ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းနည်းပြများအားဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ပြီး သင်တန်းကာလအတွင်း အကြီးတန်းဘောလုံးတော့ စွမ်းရည်ပြိုင်ပွဲတွင် ပထမ ဒုတိယ တတိယရရှိသူများနှင့် အငယ်တန်းဘောလုံးတော့စွမ်းရည်ပြိုင်ပွဲတွင် ပထမ ဒုတိယ တတိယ ရရှိသူများကို ဂုဏ်ပြုဆုများချီးမြှင့်ပေးခဲ့ပြီး သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)