သဲကုန်း မတ် ၁၈
ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးစေရန်၊ ကျန်းမာ၊ ကြံ့ခိုင်သန်စွမ်းသော လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံအေရိုးဗစ် (fitness dance) သင်တန်းဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှလှရွှေ ကအဖွင့်အမှာစကားပြောကြား၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားရာတွင် မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ ပညာရေးကဏ္ဍတွင်သာမက အားကစားကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်၊ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေရန်၊ နွေရာသီအားလပ်ရက်များတွင် မိမိအတွက် အထောက်အကူပြုသော သင်တန်းများတက်ရောက်ခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန် ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနည်းပြ ဒေါ်နွေးနွေးခိုင်ဇင် အေရိုးဗစ်အကပညာသည် အားကစားတစ်ရပ်တွင်မကဘဲ ကျန်းမာရေးအတွက်ပါ လေ့ကျင့်ပြုလုပ်သင့်ကြောင်း၊နွေရာသီ အားလပ်ရက်များတွင် အခြေခံအားကစားသင်တန်းများကို တက်ရောက်ခြင်းဖြင့် မျိုးဆက်သစ်လူငယ်အားကစားသမားများ ပေါ်ထွန်းလာပြီး အားကစားကိုပိုမိုစိတ်ပါဝင်စားလာစေရန်၊ မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ကျန်းမာ၊ ကြံ့ခိုင်၊ သန်စွမ်းသော လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ သင်ကြားပို့ချပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အေရိုးဗစ်သင်တန်းအား မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနည်းပြ ဒေါ်နွေးနွေးခိုင်ဇင်က သင်တန်းသူများကို အခြေခံအေရိုးဗစ် ( fitness dance) ကကွက်များဖြင့် သင်ကြားပေးပြီး အဆိုပါသင်တန်းကို သင်တန်းသူ (၂၀) ဦးဖြင့် မတ်လ (၁၈) ရက်မှ (၂၆) ရက်နေ့အထိ နံနက် ၉ နာရီမှ ၁၀ နာရီအချိန်အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)