ညောင်လေးပင်မြို့နယ် Community Centre ခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ညောင်လေးပင် မတ် ၁၈

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ မြန်မာနိုင်ငံစာရေးဆရာအသင်းဗဟိုအလုပ်မှုဆောင် မြို့နယ်စာရေးဆရာအသင်း(နာယက) ဆရာဒေါက်တာမြင့်သန်း(ညောင်လေးပင်)မှ အဖွင့်အမှာစကားပြောကြားပြီး အခြေခံပန်းချီရေးဆွဲနည်းသင်တန်း(ထက်/လယ်/ မူ)အဆင့်များတွင် ဆုရရှိသူများအား သက်ဆိုင်ရာတာဝန်ရှိသူများအသီးသီးမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ သင်တန်းနည်းပြဆရာ/ ဆရာမများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်နီနီဝင်းက ဂုဏ်ပြုဆုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အခြေခံပန်းချီရေးဆွဲနည်းသင်တန်းမှ သင်တန်းသားတစ်ဦးက ပန်းချီရေးဆွဲနည်းသင်တန်း(အခမဲ့) ဖွင့်လှစ်ပေးခြင်းမှ ရရှိလာသော ဗဟုသုတအကျိုးကျေးဇူးများနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးလှမြင့်နှင့်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းဆိုင်မွန်နွမ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် စာရေးဆရာအသင်းအဖွဲ့ဝင်များ၊ သင်တန်းသူ/ သင်တန်းသားများ စုစုပေါင်း(၆၀) ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်( ပြန်/ ဆက် )