ပေါက်ခေါင်း မတ် ၁၈
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားခန်းမ၌ ၂၀၂၅ ခုနှစ် နွေရာသီအားကစားသင်တန်းတက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူလေးများ အားလပ်သည့် အချိန်တွင် စာအုပ်စာစောင်များ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများနှင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး၊ နယ်လှည့်စာကြည့်တိုက်၊ အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေးဇူးများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အကြောင်းအရာများနှင့် ဒုတိယဦးစီးမှူး ဒေါ်ဇင်ဇင်မင်းမောင်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဆွေးနွေးဟောပြောသည်။
ထို့နောက် နွေရာသီအားကစားသင်တန်းမှ သင်တန်းသားများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဗဟုသုတဖြစ်ဖွယ်ပုံပြင်များ ပြောပြခြင်း၊ စာအုပ်စာစောင်များ ဖတ်ရှုစေခြင်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုလေ့လာကြကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)