ပဲခူး မတ် ၁၈
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အုတ်တွင်းမြို့နယ်၊ ဗောဓိကုန်းကျေးရွာအုပ်စု၊ အ.ထ.က တပ်နယ်စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူ (၁၀၇)ဦးမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ကြီးကြပ်ရေးမှူး ဆရာ၊ ဆရာမများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူ (၂၃၁) ဦးနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းစာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူ (၃၅၆) ဦးတို့မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး မေးခွန်းနှင့်အဖြေလွှာလုံခြုံရေး အထူးဂရုစိုက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ကြီးကြပ်ရေးမှူးဆရာ/ဆရာမများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)