ကဝ မတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နှင်းနှင်းယုက ယခုသင်တန်းသည် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဖွင့်လှစ်ပေးသည့် သင်တန်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းတက်ရောက်ပြီးပါက အရင်းအနှီးနည်းနည်းဖြင့် လုပ်ငန်းတစ်ခုကို ကျွမ်းကျင်စွာ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပြီး မိသားစုစားဝတ်နေရေးအတွက် အထောက်အကူပြုနိုင်မှာဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းတွင် ဘက်စုံသုံးဆပ်ပြာဆီ၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲပြုလုပ်နည်းများကို စာတွ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်သည်။ သင်တန်းကို သင်တန်းသား/သင်တန်းသူ (၂၅) ဦးဖြင့် မတ်လ (၁၈) ရက်နေ့မှ (၂၂) ရက်နေ့အထိ (၅) ရက် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲဇော်ဟိန်း (ပြန်/ဆက်)