တောင်ငူ မတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ စာစစ်ဌာန (၄)ခုဖြစ်သည့် အထက (၂)၊ အထက (၄)၊ အထက (၄ မိုင်) နှင့် အထက (နတ်စင်ကုန်း)တို့တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က စတင်ဖြေဆိုလျက်ရှိသည်။
ထိုသို့ဖြေဆိုလျက်ရှိရာ မြန်မာစာဘာသာရပ်အား ဝင်ရောက်ဖြေဆိုရန်စာရင်းရှိ ကျောင်းသား(၆၆၂)ဦး၊ ကျောင်းသူ(၉၆၁)ဦး၊ စုစုပေါင်း (၁၆၂၃)ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၆၃၉)ဦး၊ ကျောင်းသူ (၉၂၄)ဦး၊ စုစုပေါင်း (၁၅၆၃)ဦးနှင့် ပျက်ကွက်သူ ကျောင်းသား (၂၃)ဦး၊ ကျောင်းသူ (၃၇)ဦး၊ စုစုပေါင်း (၆၀)ဦးရှိပြီး ဝင်ရောက်ဖြေဆိုမှုရာခိုင်နှုန်း (၉၆%) ရှိကြောင်းသိရသည်။ ထို့ပြင် သံတောင်မြို့နယ်၊ လိပ်သိုစာစစ်ဌာနကို နယ်မြေအခြေအနေအရ တောင်ငူမြို့၊ အထက(၅)တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမှုကျင်းပခဲ့ပြီး ယမန်နေ့မြန်မာစာဘာသာရပ်တွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၁၆)ဦး၊ ကျောင်းသူ(၂၁)ဦး၊ စုစုပေါင်း (၃၇)ဦး၊ ပျက်ကွက်မရှိ ဝင်ရောက်ဖြေဆိုမှု ရာခိုင်နှုန်း (၁၀၀%) ရှိကြောင်းသိရသည်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မတ်လ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ပထဝီဝင်၊ ရူပဗေဒ၊ သမိုင်း၊ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်တို့ကို နံနက် (၉)နာရီအချိန်မှ (၁၂)နာရီအချိန်ထိ ဖြေဆိုရမည်ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုရာတွင် အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါက်တာနော်ဥမ္မာထွန်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာထွန်းနှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)