တောင်တွင်းကြီး မတ် ၁၈
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(စာစစ်ဌာန)နှင့် ဆတ်သွားအခြေခံပညာအထက်တန်းကျောင်း(စာစစ်ဌာန)တို့၌ ယမန်နေ့နံနက်ပိုင်းမှစတင်၍ ဖြေဆိုလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး တောင်တွင်းကြီးတပ်နယ် တပ်နယ်မှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနိုင်၊ အမှတ်(၇)စစ်အခြေခံလေ့ကျင့်ရေးတပ် နယ်မြေခံတပ်မှူး ဗိုလ်မှူးကြီး ကျော်သန်းဆွေ၊ တောင်တွင်းကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်သန်းဌေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြန်မာစာဘာသာရပ်ဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှုအားပေးခဲ့သည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တောင်တွင်းကြီးမြို့နယ်အနေဖြင့် အ.ထ.က(၁)စာစစ်ဌာန၊ အ.ထ.က(ဆတ်သွား) စာစစ်ဌာန(၂)ခုတွင် ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသား/ကျောင်းသူ (၁၂၉၁) ဦးအနက် ယနေ့ ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်အား (၁၂၄၄)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ဖြေဆိုရန်ပျက်ကွက်သူ (၄၇)ဦးရှိကြောင်းနှင့် ဖြေဆိုသည့်ရာခိုင်နှုန်းမှာ (၉၆.၃၆) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)