ပေါင် မတ် ၁၇
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲကို မတ်လ (၁၇) ရက်နေ့တွင် နိုင်ငံတစ်ဝှမ်း၌ မြန်မာစာဘာသာရပ် စတင်ဖြေဆိုလျက်ရှိရာ ပေါင်မြို့နယ်တွင် လာရောက်ဖြေဆိုသူ (၉၄.၀၁) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပေါင်မြို့နယ်တွင် (အ.ထ.က) ပေါင်၊ (အ.ထ.က) ဇင်းကျိုက်၊ (အ.ထ.က) မုတ္တမစာစစ်ဌာန (၃) ခု၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ဖြေဆိုခွင့်ရှိသူ (၆၈၈) ဦးရှိသည့်အနက် ကျောင်းသား၊ ကျောင်းသူ (၆၄၇) ဦး လာရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
အဆိုပါစာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ပြီး အအေးဘူးများလည်း ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)