ရွှေတောင် မတ် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် Grade -12 တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆိုရာ စာစစ်ဌာနများသို့ ယနေ့နံနက် ပိုင်းကတာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါစစ်ဆေးကြည့်ရှုရာသို့ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ တိုင်းပညာရေးမှူး ဒေါက်တာ ချစ်ကိုကိုပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ သက်လွင်ခရိုင် ပညာရေးမှူး ဒေါ်စန်းစန်းဝင်းတို့အဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ကျောင်းကြီးကြပ်ရေးအဖွဲ့ပါ ဌာနဆိုင်ရာအကြီးအကဲများ ကရွှေတောင်မြို့ကြာနီကန်ရပ်ကွက်အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း အ.ထ.က (ရွှေတောင်) စာစစ်ဌာန နှင့်ကြာနီကန်ရပ်ကွက်သစ်ချိုပင်လမ်း အ.ထ.က (ကြာနီကန်) စာစစ်ဌာနများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရွှေတောင်မြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်သည့် အ.ထ.က (ရွှေတောင်)၊ အ.ထ.က (ကြာနီကန်)၊ အ.ထ.က (ကျီးသဲ)၊ အ.ထ.က (တရုတ်မှော်) စတဲ့ စာစစ်ဌာန ၄ ခုတို့တွင်တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့မြန်မာစာစာမေးပွဲကို စာရင်းရှိ ကျောင်းသား (၂၆၂) ဦး ကျောင်းသူ (၃၈၄) ဦး စုစုပေါင်း (၆၄၆) ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၂၅၃) ဦး ကျောင်းသူ (၃၆၉) ဦး စုစုပေါင်း (၆၂၂) ဦး ဖြေဆိုခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနိုင်ရေးအတွက် ခရိုင်/မြိုနယ် ပညာရေးမှူးများ၏ ကြီးကြပ်မှုဖြင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ တာဝန်ကျဆရာ၊ ဆရာမများက အနီးကပ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)