ထန်းတပင် မတ် ၁၇
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် ၈ နာရီခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေး၊ လုံခြုံရေး၊ မီးဘေးအန္တရာယ်ကင်းဝေးစေရေး ဆောက်ရွက်ထားရှိမှု အခြေအနေများနှင့် ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနတာ ဝန်ရှိသူများနှင့်အတူ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထန်းတပင်မြို့နယ်အတွင်း ၂၀၂၅ခုနှစ် အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ပထမနေ့ မြန်မာစာဘာသာရပ်ကို စာရင်းရှိ ကျောင်းသား (၁၃၁) ဦး ကျောင်းသူ (၁၇၆) ဦး စုစုပေါင်း (၃၀၇) ဦး ဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၁၂၄) ဦး ကျောင်းသူ (၁၆၉) ဦး စုစုပေါင်း (၂၉၃) ဦး ပျက်ကွက် ကျောင်းသား (၇) ဦး ကျောင်းသူ (၇) ဦး စုစုပေါင်း (၁၄) ဦး ဖြေဆိုမှု (၉၅.၄၄) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)