ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား/ကျောင်းသူ(၉၉ ဒဿမ ၃၈) ရာခိုင်နှုန်း ဖြေဆို

ဆိပ်ဖြူ မတ် ၁၇

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၇ ရက်နေ့ နံနက် ၉ နာရီက စာဖြေဌာန(၂)ဖြင့် ကျင်းပဆောင်ရွက်ပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသား/ကျောင်းသူ(၉၉ ဒဿမ ၃၈) ရာခိုင်နှုန်းရှိကြောင်းသိရသည်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို စာဖြေဌာန(၂)ခု၌ ဖြေဆိုရန်စာရင်းရှိ ကျောင်းသား/ကျောင်းသူ (၄၈၇) ဦးရှိပြီး၊ လာရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၄၈၄) ဦးဖြေဆိုကြောင်း၊ ဖြေဆိုရန်ပျက်ကွက် ကျောင်းသား/ကျောင်းသူ (၃)ဦး ရှိကြောင်း သိရသည်။

အဆိုပါစာမေးပွဲ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအတွက် မီးဘေးလုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ စစ်ဆေးဆောင်ရွက်ခဲ့ကြပြီး တက္ကသိုလ်ဝင်စာမေးပွဲဆိုင်ရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုးလင်းနိုင်(IPRD)