တောင်တွင်းကြီး မတ် ၁၇
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်အား ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၂၄၄)ဦး ဖြေဆိုလျက်ရှိကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တောင်တွင်းကြီးမြို့နယ်အနေဖြင့် အ.ထ.က(၁)စာစစ်ဌာန၊ အ.ထ.က(ဆတ်သွား) စာစစ်ဌာန(၂)ခုတွင် ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသား/ကျောင်းသူ (၁၂၉၁) ဦး အနက် ယနေ့ ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်အား(၁၂၄၄) ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ဖြေဆိုရန်ပျက်ကွက်သူ (၄၇)ဦး ရှိကြောင်းနှင့် ဖြေဆိုသည့်ရာခိုင်နှုန်းမှာ(၉၆.၃၆) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)