နတ်မောက် မတ် ၁၇
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်သင်းသင်းဝေ(ဒုတိယဦးစီးမှူး)က အပူဒဏ်အန္တရာယ်ကြီးမားပုံ၊ အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရန်အတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ကြဉ်ရန်အချက်များ၊ အပူဒဏ်အန္တရာယ် အထူးသတိပြုရမည့်သူများနှင့် အရေးပေါ်ရှေးဦးပြုစုခြင်းတို့ကို လူငယ်လူရွယ်များ အသိပညာဗဟုသုတရရှိစေရန် ဟောပြောခဲ့သည်။
နတ်မောက်မြို့နယ်တွင် ရာသီဥတုပူပြင်းမှုကြောင့် ပြည်သူများ ဘေးအန္တရာယ်ဖြစ်ပွားထိခိုက်မှုမရှိစေရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်လုပ်မှုများ ထိခိုက်ဆုံးရှုံးမှုမရှိစေရေး သက်ဆိုင်ရာဌာနများက ကွင်းဆင်း၍ ကြိုတင်ပြင်ဆင်မှုများပြုလုပ်နိုင်ရန် အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မူမူစန်း