စလင်း မတ် ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စလင်းမြို့၊ ဒို့မေတ္တာ(အခမဲ့)ကုသိုလ်(၈)မျိုး ကျန်းမာရေးနှင့် နာရေးကူညီ မှုအသင်းမှ ယမန်နေ့နံနက်ပိုင်းမှစတင်ကာ နေ့လယ်(၁)နာရီအချိန်အထိ စေတနာရှင် ဆေးဝါးကျွမ်းကျင် ဆရာဝန်များနှင့် ပူးပေါင်းကာ ကျန်းမာရေးချို့တဲ့ သူရပ်ဝေးရပ်နီးမှ ရဟန်းရှင်လူပြည်သူများအား မတ်လ ဒုတိယပတ်အဖြစ် ဆေးကုသပေးခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ် ဒို့မေတ္တာ(အခမဲ့)ကုသိုလ်(၈)မျိုး ကျန်းမာရေးနှင့် နာရေးကူညီမှုအသင်းမှ အပတ်စဥ်စနေနေ့တိုင်း (အခမဲ့)စေတနာဆရာဝန်(၄)ဦးနှင့် တိုင်းရင်းဆေးဆရာ(၁)ဦး၊ ဆေးဝါးကျွမ်းကျင်သူ စေတနာရှင်(၃၀)ဦးတို့မှ စုပေါင်း၍ စလင်းမြို့နယ်အတွင်းနှင့် ရပ်ဝေးရပ်နီးမှ ကျန်းမာရေးချို့တဲ့သူ ပြည်သူများအား မတ်လဒုတိယပတ် ဆေးကုသခြင်း စားဆေး၊ သောက်ဆေးများပေးဝေ၍ ဆေးကုသပေးလျက်ရှိရာ ဆေးကုသမှုခံယူသူ ကျန်းမာ ရေးချို့တဲ့သူ ဝေဒနာရှင်(၂၄၁)ဦးအား စမ်းသပ်စစ်ဆေး အခမဲ့ဆေးကုသပေးခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ် ဒို့မေတ္တာ(အခမဲ့)ကုသိုလ်(၈)မျိုး ကျန်းမာရေးနှင့် နာရေးကူညီမှုအသင်း စတင်တည်ထောင်သည့် နေ့မှစ၍ နှစ်စဥ်/လစဥ် ပြည်သူများမှ ထည့်ဝင်လှူဒါန်းလျက်ရှိရာ ယနေ့မတ်လ(၁၆)ရက်နေ့အထိ ပြည်သူထည့်ငွေလှူဒါန်းမှုများဖြင့် ကုသပေးလျက်ရှိကြောင်း ဒို့မေတ္တာအခမဲ့ ဆေးခန်းမှ သိရသည်။
မောင်လွင်(ပြန်/ဆက်)