ဆိပ်ဖြူ မတ် ၁၅
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပဆောင်ရွက်မည့် စာဖြေဌာနများ ကြိုတင်စီမံဆောင်ရွက်ထားရှိမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယနေ့ နံနက် ၇ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မင်းထွန်းနှင့် အဖွဲ့ဝင်များက ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရေးအတွက် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပဆောင်ရွက်မည့် ဆိပ်ဖြူ (အ.ထ.က) စာဖြေဆောင်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထား ရှိမှုအခြေအနေများ၊ ကျောင်းပတ်ဝန်ကျင်းသန့်ရှင်းရေး ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းဆောင်ရွက်နေခြင်း လုပ်ငန်းများ၊ စာသင်ဆောင်များ မီးဘေးလုံးခြုံရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများကြိုတင်စီမံမှုအခြေအနေများ၊ ကျောင်းသား/ကျောင်းသူများ စာဖြေဆိုချိန် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ကြိုတင်စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်း စစ်ဆေးခဲ့ကြပြီး သက်ဆိုင်ရာလုပ်ငန်းများအလိုက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုးလင်းနိုင် (ပြန်/ဆက်)