တောင်တွင်းကြီး မတ် ၁၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ သမဝါယမလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့်တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်ဖြိုးအောင် ရောင်းဝယ်ရေးသမဝါယမအသင်းသားများမှဆောင်ရွက်သည့် အသေးစား၊ အငယ်စား၊ အလတ်စား MSME လုပ်ငန်းများဖြစ်သည့် ပဲကြော်၊ ပဲလှော်လုပ်ငန်းများဆောင်ရွက်နေမှုလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့သည်။ ထို့နောက် တောင်တွင်းကြီးမြို့နယ် သမဝါယမဦးစီးဌာနမှဝန်ထမ်းများနှင့်တွေ့ဆုံကာ မြို့နယ်အတွင်း သမဝါယမဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့တာဝန်ယူဆောင်ရွက်လျက်ရှိသည့် နယ်ပယ်အလိုက်လုပ်ငန်းကျွမ်းကျင်မှုရှိစေရေး၊ သမဝါယမဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်ပတ်သတ်၍ စဥ်ဆက်မပျက်လေ့လာဆည်းပူးသင်ယူနိုင်ရေး၊ အသင်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးရေးစသည့်တိုကို ဆွေးနွေးပြောကြားခဲ့ပြီး သမဝါယမဦးစီးဌာနမှဝန်ထမ်းများ၏ ဆွေးနွေးတင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)