တောင်တွင်းကြီး မတ် ၁၁
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတွင် ယနေနံနက် (၉)နာရီအချိန်က ကျောင်းဆင်းဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်းနှင့် ပဒေသကပွဲများကို တောင်ပြင်(၂)ရပ်ကွက်၊ မူလတန်းကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားအား မူလတန်းကြိုကျောင်းမှ ကျောင်းသား၊ကျောင်းသူရင်သွေးငယ်လေးများ၏ ပဒေသာကပွဲများဖြင့်ဧည့်ခံဖျော်ဖြေခဲ့ကြပြီး မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေသူမောင်မောင်နှင့်တာဝန်ရှိသူများက ကျောင်းသား၊ကျောင်းသူ ရင်သွေးငယ်များအား ကျောင်းဆင်းဂုဏ်ပြုမှတ်တမ်းများပေးအပ်ချီးမြှင့်ခဲ့ကာ အခမ်းအနားအား ရုတ်သိမ်းခဲ့သည်။
နောင်နောင် (ဗိဿနိုးမြေ)