မကွေး မတ် ၁၀
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအတွက် နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်း(အခမဲ့) ဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၉ နာရီ ၃၀မိနစ်အချိန်က မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (CommunityCentre)တွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ သင်တန်းကို မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီပညာရှင်များပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများအတွက် နွေရာသီကျောင်းပိတ်ရက်ကာလများတွင် အခြေခံပညာရပ်များဆည်းပူးလေ့လာနိုင်စေရန်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုတွင် ပန်းချီပညာရပ်များလည်းဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်ပေးကြောင်းသိရှိရပြီး သင်တန်းဖွင့်ပွဲတွင် မကွေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ကိုဝင်းက အဖွင့်အမှာစကားအဖြစ် သင်တန်းဖွင့်လှစ်ပေးရခြင်းရည်ရွယ်ချက်ကိုပြောကြားပြီး မကွေးမြို့ပန်းချီပညာရှင်ဦးသူရှိန်မြိုင်က ပန်းချီပညာရပ်သင်ယူခြင်းဖြင့်ရရှိမည်အကျိုးကျေးဇူးများနှင့် သင်ကြားမည်ပန်းချီသင်ခန်းစာများနှင့်ပတ်သက်၍ အခြေခံပန်ချီရေးဆွဲနည်း၊ ဆေးရောင်ခြယ်ရေးဆွဲနည်းများအစရှိသည်တို့ကို စာတွေ့၊လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ကျောင်းသား/ကျောင်းသူ(၄၅)ဦးတက်ရောက်၍ သင်တန်းကာလမှာ မတ်လ(၁၀)ရက်နေ့မှ မတ်လ(၂၈)ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)