ရွှေတောင် မတ် ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် တပေါင်းလပြည့်နေ့တွင်ကျရောက်မည့် မြန်မာ့တိုင်းရင်းဆေးသမားတော်များနေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် ရွှေတောင်မြို့ သရက်တောရပ်ကွက်ရှိ အားကစားခန်းမတွင် ကွင်းဆင်းဆေးကုသခြင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။
တိုင်းရင်းဆေးပညာဦးစီးဌာန (ရုံးချုပ်) နှင့် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ပြည်ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ခိုင်ဝါဝါအောင်ဦးဆောင်၍ ရွှေတောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်နှင့်အဖွဲ့သည် တပေါင်းလပြည့်နေ့တွင်ကျရောက်မည့် မြန်မာ့တိုင်းရင်းဆေးသမားတော်များနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရွှေတောင်မြို့သရက်တောရပ်ကွက်ရှိ အားကစားခန်းမတွင် ကွင်းဆင်းဆေးကုသခြင်းပြုလုပ်ရာ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ခိုင်ဝါဝါအောင်မှ တိုင်းရင်းဆေးပညာနှင့် ဆောင်ရန်ရှောင်ရန်အကြောင်း အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ပြီး နွေရာသီအားကစားသင်တန်း သင်တန်းသား၊ သင်တန်းသူ ကျား (၃၇) ဦး၊ မ (၄၃) ဦး စုစုပေါင်း (၈၀) ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)