ပခုက္ကူ မတ် ၁၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးကုသမှုပေးခြင်း၊ လိုအပ်သည့်ဆေးဝါးများပေးဝေခြင်းတို့ကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာကျောင်းများ၌ ကွင်းဆင်းဆောင်ရွက်ကြသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပခုက္ကူခရိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်ရှိ အမှတ်(၁၊၂၊၃၊၄၊၅)အခြေခံပညာကျောင်းများ၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား ၉၈ ဦး၊ ကျောင်းသူ ၁၁၉ ဦး၊ စုစုပေါင်း (၂၁၇) ဦး တို့အား အမည်စာရင်းရေးသွင်းပြီးသွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့်လိုအပ်သည့်ဆေးဝါးများအခမဲ့ပေးဝေခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)