မင်းလှမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

အထက်မင်းလှ မတ် ၁၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသ(၄)မကွေးတိုင်းဒေသကြီးရုံးမှ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်သည့် တောင်ရပ်ကွက်ရှိ Bored Piled အခြေပြုကျောက်စီမြေထိန်းတမံဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာများမှ ယမန်နေ့ နံနက် (၉)နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

မင်းလှမြို့နယ် တောင်ရပ်ကွက်ရှိ ဧရာဝတီမြစ်ကမ်းဘေးတွင် Bored Piled အခြေပြုကျောက်စီမြေထိန်းတမံတည်ဆောက်ရာတွင် အလျား(၃၈၀)ပေ လုပ်ငန်းဆောင်ရွက်ခြင်းဖြစ်ပြီး ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသန်းထွန်းအောင်၊ မြို့နယ်တည်ဆောက်ရေးကော်မတီအဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအားရှင်းလင်းတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မင်းလှရေနံဓာတု‌ဗေဒစက်ရုံ(မန်းသံပုရာကန်)တစ်ဖက်ကမ်းရှိ ၇)တန်းသွား R.C.C Porcupineရေကာ အလျား(၂၃၀၀) ပေ လုပ်ငန်းကို ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ(၄)မကွေးတိုင်းဒေသကြီးရုံးမှ တာဝန်ယူဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာတာဝန်ရှိသူက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လိုအပ်သည်များ ညှိနှိုင်း‌ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဇာဇာ(အထက်မင်းလှ)