ဆိပ်ဖြူ မတ် ၁၀
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့အထိ စာဖြေဌာန (၂)ခုဖြင့် ကျင်းပဆောင်ရွက်သွာမည်ဖြစ်ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာဖြေဌာန (၂)ခုတွင် ဖြေဆိုရန် စာရင်းရှိ ကျောင်းသား/ ကျောင်းသူ (၄၈၇) ဦးရှိသည့်အနက် အတွင်းဖြေ ကျောင်းသား/ ကျောင်းသူ (၄၀၉) ဦး၊ ပြင်ပဖြေဆို ကျောင်းသား/ ကျောင်းသူ (၇၈) ဦးရှိကြောင်း၊ ကျောင်းသား/ကျောင်းသူများ၏ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို မြို့နယ်ပညာရေးမှူးရုံး၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာစာဖြေဌာနများ၌ ကျောင်းသား/ကျောင်းသူများအား ထုတ်ပေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးကောင်းမွန်ပြီး စိတ်အေးချမ်းစွာပျော်ရွှင်စွာ ဖြေဆိုနိုင်စေရန် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ မီးဘေးလုံခြုံရေးလုပ်ငန်းများ စီမံဆောင်ရွက်ပေးခြင်း၊ စာမေးပွဲဖြေဆိုသည့် ရက်များတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ဘေးကင်းလုံးခြုံရေးလုပ်ငန်းများ မြို့နယ်စီမံအုပ်ချုပ်းအဖွဲ့လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာဌာနများပူးပေါင်း၍ စနစ်တကျစီမံဆောင်ရွက်ထားရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှတစ်ဆင့် သိရှိရသည်။
စိုးလင်းနိုင်