သရက် မတ် ၁၀
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၂၅ ခုနှစ်၊ နွေရာသီအခြေခံသင်တန်းများ ဖွင့်ပွဲအခမ်းအနားကျင်းပခြင်းကို ယနေ့နံနက်(၁၀)နာရီ ခရိုင်ခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာမှာ နိုင်ငံတော်အစိုးရအနေနဲ့ ပညာရေးဝန်ကြီးဌာနဟာ ကျန်မာကြံ့ခိုင်ပြီး စွမ်းရည်ထက်မြတ်တဲ့ လူစွမ်းအားအရင်းအမြစ်များပေါ်ထွန်းရေးကို အစဉ်တစိုက်ဆောင်ရွက်ပေးလျက်ရှိပါတယ်၊ အနာဂတ်ကို ဦးဆောင်ကြမယ့် လူငယ်ကျောင်းသား/ကျောင်းသူများအနေနဲ့ ကာယ၊ ဉာဏ၊ စရိတ္တအပါအဝင် ဗလငါးတန်ဖွံ့ဖြိုးရေးအတွက်လည်း ရှေးရှုဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောကြားပေးခဲပြီး မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ဦးက နွေရာသီသင်တန်းများဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ပြောကြားပေးခဲ့သည်။
ထို့နောက် မြို့နယ်သာသနာရေးမှူး ဦးသန့်ဇင်ဖြိုးက နွေရာသီယဉ်ကျေးလိမ္မာ သင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ပြောကြားပေးခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးကျော်လှိုင်ဦးမှ ဘောလုံးအားကစားသင်တန်း ဖွင့်လှစ်ပို့ချခြင်းနှင့်ပတ်သက်၍ ပြောကြားပေးခဲ့သည်။ ယင်းနောက် မြို့နယ်စီမံရေးအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃)မှ နွေရာသီ(အခြေခံ) အားကစားသင်တန်းများအနက်မှ ဘောလုံးအားကစားသင်တန်းအတွက် ထောက်ပံ့ငွေ(၅၀၀၀၀၀/)ကျပ်အား မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူးအား ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)