နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ

နတ်မောက် မတ် ၁၀

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား စာဖတ်ရှိန်မြှင့်တင်ရေး ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲများ ပြုလုပ်ပေးရခြင်းအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲအားကျင်းပရာ ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့ကြပြီး အနိုင်ရသည့် ကျောင်းသား/သူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။ အဆိုပါပြိုင်ပွဲများ ကျင်းပပေးရခြင်းမှာ ကျောင်းသား/သူလူငယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ ယှဉ်ပြိုင်ကြိုးစားတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ထူးချွန်ထက်မြက်သည့် လူရည်ချွန်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိထံမှ သိရသည်။

လှဝင်း