ကျုံပျော် ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ကျုံပျော်မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ကလေး စာပေ ပွဲတော် (ကျုံပျော်) ပထမနေ့ အစီအစဉ်များကို ယနေ့နံနက်ပိုင်းက ပုသိမ်ခရိုင်၊ ကျုံပျော် (အ-ထ-က-၁) ၌ ကျင်းပလျက်ရှိရာ ကျောင်းပေါင်းစုံပဒေသာ ကပွဲအစီအစဉ်များတွင် အခြေခံပညာ ကျောင်းသား ကျောင်းသူများက တိုင်းရင်းသားရိုးရာ ဓလေ့ဝတ်စုံများဝတ်၍ အကအလှ များဖြင့် ပါ၀င်ဖျော်ဖြေတင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တွင် ကလေးစာပေပွဲတော်များကို သက်ဆိုင်ရာ မြို့နယ်အလိုက် အလှည့်ကျ အဆက်မပြတ် ကျင်းပပေးလျက်ရှိပြီး ယနေ့ ကလေးစာပေပွဲတော် (ကျုံပျော်) သည် တိုင်းဒေသကြီး၏ (၁၆)ကြိမ်မြောက် ပွဲတော်ဖြစ်ပြီး ကျုံပျော်မြို့ အ-ထ-က (၁) ၌ ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင် နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပပေးသွားမည်ဖြစ်ရာ မည်သူမဆို လွတ်လပ်စွာ လာရောက်ပါဝင် ဆင်နွှဲနိုင်ကြောင်း သိရှိရသည်။
မောင်မောင်မြင့်(ပြန်/ဆက်)