နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ကျောင်းသား/သူ များအား  စာအုပ်စာစောင်များငှားရမ်းပေး

နတ်မောက် မတ် ၇

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေးအတွက်ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/သူများအား စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့သည်။

အဆိုပါကျောင်းတွင် စာအုပ်စာစောင်များငှားရမ်းပေးရာ၌ ကျောင်းသား/သူများ အားလပ်ချိန်တွင်အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ ကျောင်းစာအပြင် ဗဟုသုတတိုးပွားစေရေးအတွက် ပြင်ပစာပေများကိုလေ့လာဖတ်ရှုကြစေရန်ရည်ရွယ်၍ ကျောင်းသား/သူများဖတ်ရှုလေ့လာနိုင်ရန် သုတ/ ရသမဂ္ဂဇင်းစသည့် စာအုပ်များငှားရမ်းပေးခဲ့ပြီး နှစ်ပတ်တစ်ကြိမ်စာအုပ်များပြန်လည်အပ်နှံခြင်းနှင့် အသစ်လဲလှယ်ထားရှိသော စာအုပ်များအား ထပ်မံငှားရမ်းပေးသွားမည်ဖြစ်သည်။

နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများစာပေအလွယ်တကူ ဖတ်ရှုနိုင်စေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့်ရပ်ကွက်၊ ဌာနဆိုင်ရာရုံးများနှင့် ကျောင်းသား/ကျောင်းသူများအသိပညာဗဟုသုကြွယ်ဝစေရန်နှင့် စာပေလေ့လာမှုစွမ်းရည်ပိုမိုကောင်းမွန်စေရန် အခြေခံပညာကျောင်းများသို့ အရောက်သွားကာလိုက်လံငှားရမ်းပေးခြင်းဖြစ်ပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင်လည်း မည်သူမဆိုအခမဲ့လာရောက်ငှားရမ်းဖတ်ရှုလေ့လာနိုင်ကြောင်း သိရသည်။  

မြို့နယ်(ပြန်/ဆက်)