မြို့သစ် မတ် ၇
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာ Grade- 5 ကျောင်းသား/ကျောင်းသူများ၏ နှစ်ဆုံးစာမေးပွဲကို မတ်လ ၃ ရက်နေ့ကစတင်၍ သက်ဆိုင်ရာအခြေခံပညာကျောင်းများ၌ ဖြေဆိုရာ ယနေ့တွင် ဘာသာရပ်အားလုံး ဖြေဆိုပြီးစီးကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း စုစုပေါင်း (၁၉၂) ကျောင်းတွင် အခြေခံပညာမူလတန်းအဆင့် Grade-5 တွင် ဖြေဆိုသူ (၃၀၇၁)ဦးရှိပြီး အခြေခံပညာကျောင်း (၄၁) ကျောင်းတွင် မတ်လ(၃)ရက်နေ့မှ (၇)ရက်နေ့အထိ ဘာသာရပ်အားလုံး ဖြေဆိုပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)