ကလေးစာပေပွဲတော်(ကန့်ဘလူ)၊ ကလေးစာပေပြပွဲနှင့် စာအုပ်စျေးရောင်းပွဲတော် ကြိတ်ကြိတ်တိုး စည်ကား လျက်ရှိ

ကန့်ဘလူ  ဇန်နဝါရီ ၁၀

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်း ကျင်းပသော ကလေးစာပေပွဲတော်(ကန့်ဘလူ)၊ ကလေးစာပေပြပွဲနှင့် စာအုပ်စျေးရောင်းပွဲတော် ဒုတိယ နေ့ ကို ယနေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

ကလေးစာပေပွဲတော်တွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ ဦးတင်ထူးမောင်က “ယခုလိုကလေးစာပေပွဲတော်ကို ကျင်းပပြုလုပ်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်၊ နိုင်ငံတော်က ကလေးတွေအတွက်ဆိုပြီး ကျင်းပပေးတဲ့ပွဲဖြစ်တဲ့အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရယ်၊ အခြေခံပညာဦးစီး ဌာနရယ်၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီတို့က နိုင်ငံတော်ရဲ့စေတနာကို ဝိုင်းပြီးအကောင်အထည်ဖော် ဆောင်ရွက် ပေးတာ ဖြစ်ပါတယ်၊ ယခုလိုကြုံတောင့်ကြံခဲအချိန်မှာ မိမိတို့ဒေသမှာရှိတဲ့ကလေးတွေ တက်နိုင်သမျှ ဗဟုသုတတွေ များနိုင်သမျှ များများရရှိအောင်၊ ပျော်ရွှင်မှုတွေရရှိအောင်၊ ဝါသနာလေးတွေ များနိုင်သမျှ များများရရှိအောင် ခရိုင်၊မြို့နယ်တွေက ဌာနဆိုင်ရာတွေ၊ ဒေသခံပြည်သူတွေ၊ ဆရာ၊ဆရာမတွေ၊ စေတနာရှင်၊ အလှူရှင်တွေပါ ပူးပေါင်းပြီးကြိုးစားထားကြပါတယ်၊ ကြိုးစားခွင့်ရရှိတဲ့အတွက် နိုင်ငံတော်ကိုလည်း ကျေးဇူးတင်ပါတယ်၊ ကလေး တွေလည် ဗဟုသုတတွေ၊ ပျော်ရွှင်မှုတွေ များများရမယ်လို့လည်း မျှော်လင့်ထားပါတယ်” လို့ပြောပါ သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ယဉ်ဆွေဝင်းက “စစ်ကိုင်း တိုင်းဒေသကြီး အနေဖြင့် ခရိုင်အဆင့်ကလေးစာပေပွဲတော်ကို ကန့်ဘလူခရိုင်တွင် (၅) ကြိမ်မြောက် ဆောင်ရွက် တာဖြစ်ပါတယ်၊ ပွဲတော်တွင် ပြခန်းများမှာ နည်းပညာပြခန်းနှင့် အခြားဗဟုသုတ ရစရာပြခန်း များကို စီစဉ်ပြသထားတဲ့အတွက် ကလေးများစိတ်ဝင်တစားနဲ့ကြည့်ရှုနေကြသလို စာအုပ်ဆိုင် များမှာလည်း ကလေးစာပေများကို ဝယ်ယူကြတာကို တွေ့ရပါတယ်၊ ဒါ့အပြင် ဖူဆယ်အားကစား၊ ထုပ်ဆီး ထိုးနဲ့ ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲများ၊ ဖျော်ဖြေရေးအစီစဉ်များ၊ ဂိမ်းပြိုင်ပွဲများမှာ   ဒုတိယ ရက်တွင် ပိုပြီးစည်း ကားလာတာကို တွေ့ရှိရပြီး ကလေးစာပေပွဲတော် ဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီပေးကြတဲ့ တာဝန်ရှိ သူများနဲ့ စေတနာရှင်၊ အလှူရှင်များကို ကျေးဇူးအထူးတင်ရှိပါတယ်”။

ကန့်ဘလူမြို့နယ်စည်ပင်သာယာရေးကော်မတီဉက္ကဋ္ဌ ဦးတင့်လွင်က “ကလေးစာပေပွဲတော်ကို နှစ်ရက်တာ ကျင်းပရသော်လည်း အဖိုးမဖြတ်နိုင်တဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်၊ ဒီကလေးစာပေပွဲတော်ကို ကြည့်ခြင်းအားဖြင့် ကလေးတွေဟာ စာပေဉယျာဉ်အတွင်းမှာ ပျော်မွေ့ရမယ့်အကျင့်လေးတွေပေးသွားတဲ့ မက်ဆေ့လေးတွေရရှိပါ တယ်၊ ဒီပွဲတော်မှာ ပြိုင်ပွဲတွေရှိတဲ့အတွက် တစ်ဦးတစ်ယောက်ထဲဆောင်ရွက်ရသလို၊ အဖွဲ့လိုက် ဆောင်ရွက်ရတဲ့အတွက် စည်းလုံးခြင်းဆောင်ရွက်ရတဲ့အသိလေးတွေ ရရှိမှာဖြစ်တဲ့အတွက် ကလေးတွေကို ပြုစုပျိုးထောင်တာ၊ အသင်းလိုက်ဆောင်ရွက်ရတာဖြစ်တဲ့အတွက် လူတွေဟာ တစ်ဦးတစ်ယောက်ထဲ ဆောင်ရွက် လို့မရဘူးဆိုတဲ့အသိကို ကလေးတွေရရှိမှာဖြစ်တဲ့အတွက် မြို့သူ၊မြို့သားတွေကိုယ်စား ဝမ်းသာဂုဏ် ယူမိပါတယ်” ။

အမှတ်(၅) အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမဒေါ်ထားအိသော်က “မိမိကျောင်းမှ ကလေးများနဲ့ အတူ ကလေးစာပေပွဲတော်ကို ဖျော်ဖြေပွဲတွေလာရောက် ပူးပေါင်းပါဝင်ရတဲ့ အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်၊ ဆုဘော်ဒါဆောင်မှ ကျင်းပတဲ့ ပျော်ရွှင်စရာသုတကမ္ဘာ ပြိုင်ပွဲတွေ မှာလည်း မိမိကျောင်းမှကလေးတွေဝင်ရောက်ယှဉ်ပြိုင်ပြီး ဆုတွေလည်းရရှိခဲ့ပါတယ်၊ သစ်တောပြခန်းမှာ တိရစ္ဆာန်များ၊ ပညာရေးပြခန်းမှာ ကလေးတွေရဲ့ သင်ခန်းစာတွေမှာပါတဲ့အကြောင်းအရာတွေ ပြသထားတဲ့ စေ့စေ့စပ်စပ်နဲ့ ဝင်ရောက် လေ့လာကြည့်ရှုရတဲ့အတွက် ပျော်ရွှင်ကြပါတယ် တခြားဌာနဆိုင်ရာပြခန်းတွေမှာ ကလေး တွေမမြင် ဘူးတာတွေ လေ့လာကြည့်ရှုရတဲ့အတွက်လည်း ဗဟုသုတများလည်း ရရှိပါတယ်၊ စာအုပ် အရောင်း ဆိုင်တွေမှာ သူတို့လိုချင်တဲ့စာအုပ်တွေ စျေးချိုချိုနဲ့ဝယ်ယူရတဲ့အတွက် ကလေးတွေဟာ ကျေနပ် ဝမ်းသာလျက် ရှိပါတယ်” ။

အမှတ်(၅) အလကကျောင်း၊ တတိယတန်းကျောင်းသား မောင်ဇံထူးအောင်က “ကလေးစာပေ ပွဲတော်မှာ လာရောက်ဖျော်ဖြေရတဲ့အတွက် ဝမ်းသာပါတယ်ခင်ဗျ၊ သားတို့ကျောင်းကပြောင်းသွားတဲ့ သူငယ်ချင်း တွေနဲ့လည်း တွေ့ရတယ်၊ တခြားကျောင်းကသူငယ်ချင်းအသစ်တွေနဲ့လည်း တွေ့ရပါပြီး ခင်မင် ရင်းနှီးမှုရခဲ့ ပါတယ်ခင်ဗျ၊ စာပေပွဲတော်ကြောင့် ဗဟုသုတတွေအများကြီးရပါတယ်” ။

အမှတ်(၅) အလကကျောင်း၊ တတိယတန်းကျောင်းသူ မမိုးအိစံက “သမီးကတော့ ဒီပွဲမှာကယား ဝတ်စုံနဲ့ လာရောက်ဖျော်ဖြေရပါတယ်ရှင့်၊ သမီးဖျော်ဖြေပွဲပြီးတဲ့အခါ ပြခန်းတွေလိုက်ကြည့်ပြီးကြည့်ရတာ ပျော်စရာ လည်းကောင်းပါတယ်၊ ဗဟုသုတလည်းအများကြီးရပါတယ်ရှင့်၊ နောက်ပြီး စာအုပ်ဆိုင်တွေမှာ လိုချင်တဲ့ စာအုပ်တွေဝယ်လို့ရတဲ့အတွက် အများကြီးပျော်ရွှင်မိပါတယ်ရှင့်၊ လူဝင်ထားတဲ့အရုပ်ကြီးတွေနဲ့ ဓာတ်ပုံရိုက်ရ တာလည်းပျော်ရွှင်မိပါတယ်၊ နောက်ထပ်လည်း ဒီလိုပွဲတွေ ပြုလုပ်စေချင်ပါတယ်ရှင့်” ။

အမှတ်(၂) ရပ်ကွက်နေ ဒေါ်သိင်္ဂီစိုးက “ သမီးဖြစ်တဲ့သူက ဖျော်ဖြေရေးထဲပါတဲ့အတွက် လိုက်ပို့ရင်း ဒီပွဲကို ရောက်ဖြစ်လာတာဖြစ်ပါတယ်၊ သမီးဖြစ်တဲ့သူကို ပြခန်းတွေလိုက်ပြပေးရတဲ့အတွက် ဗဟုသုတလည်း ရပါတယ်၊ ဒီလိုပွဲတော်တွေက ကလေးတွေကို ပျော်ရွှင်မှုလည်းရရှိသလို ယုံကြည်မှုလည်း ရရှိစေပါတယ်၊ ကလေးစာပေပွဲတော်ကို မြို့တိုင်းလုပ်ပေးနိုင်ရင် ကလေးတွေအတွက် ဗဟုသုတစုံလင်စွာ ရရှိစေပါတယ်” ။

ကလေးစာပေပွဲတော်ကို ဇန်နဝါရီလ ၉ ရက် ၁၀ ရက်နေ့ထိ ကျင်းပလျက်ရှိပြီး ပွဲတော်တွင် စိတ်ကြိုက် ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ကျပန်းစကားပြော ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ စာပေဆွေးနွေးပွဲ၊ အားကစားပြိုင်ပွဲများ၊ မြန်မာ့ယွန်းလုပ်ငန်း(ညောင်ဦး)ပြခန်း၊ မြန်မာ့ လက်မှုပြခန်း အပါအဝင် ဌာနဆိုင်ရာပြခန်းများ၊ စုစုပေါင်း ပြခန်း (၁၆) ခန်း၊ စာအုပ်အရောင်းဆိုင် (၃၀) ဆိုင်နှင့် မြန်မာ့အိုးစည်အက၊ မြန်မာ့ရုပ်သေးအကနှင့် ဖျော်ဖြေရေးများ၊ ပျော်ပွဲရွှင်ပွဲများ ပါရှိပြီး  စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

တွေ့ဆုံမေးမြန်းသူ-စိုးဝေအောင်(ခင်ဦး)၊မျိုးဝင်းညို(ကျွန်းလှ)