ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၂၈
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့ အမှတ်(၃)ရပ်ကွက်ရှိ မြို့နယ်သမဝါယမအသင်းစု၏ ရေပေးဝေရေးဆောင်ရွက်မှုအား တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှတာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်းသိရသည်။
ဆက်လက်ပြီး ကြာအင်းကျေးရွာ၊ မကြီးစမ်းကျေးရွာ၊ သမန်းကြီးကျေးရွာ၊ ညံတောအင်းကျေးရွာ၊ ကုက္ကိုစမ်းကျေးရွာ၊ ကျောက်ဆောင်စမ်းကျေးရွာ၊ ချောင်းကောက်ကျေးရွာတို့ရှိ သမဝါယမအသင်းအမှုဆောင်များနှင့် အသင်းသားများအားတွေ့ဆုံပြီး သမဝါယမဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များ၊ အထွက်နှုန်းတိုးသည့် စပ်မျိုးဝါများပြောင်းလဲစိုက်ပျိုးပါကရရှိမည့်အကျိုးကျေးဇူးများနှင့် သမဝါယမသင်တန်းကျောင်းများတွင် တက်ရောက်ရန်လိုအပ်သည့်အချက်အလက်များနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)