သဲကုန်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ (၈၀၁) ဦး ဝင်ရောက်ဖြေဆိုမည်

သဲကုန်း ဖေဖော်ဝါရီ ၂၇

၂၀၂၄-၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းတွင် မတ်လ (၁၇) ရက်နေ့မှ (၂၂) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ စာစစ်ဌာန (၄) ခုတွင် ကျောင်းသား၊ ကျောင်းသူ (၈၀၁) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ အတွင်းဖြေဆိုသူ ကျား (၃၁၁) ဦး၊ မ (၄၁၀) ဦး စုစုပေါင်း (၇၂၁) ဦး၊ ပြင်ပဖြေဆိုသူ ကျား (၅၁) ဦး၊ မ (၂၉) ဦး စုစုပေါင်း (၈၀) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်၍ STEAMS-1 ဘာသာတွဲတွင် (၂၀၇) ဦး၊ STEAMS-2 ဘာသာတွဲတွင် (၅၉၄) ဦး စုစုပေါင်း အတွင်းအပြင် ကျောင်းသား/ကျောင်းသူ (၈၀၁) ဦးဝင်ရောက်ဖြေဆိုမည်ဖြစ်ရာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် သဲကုန်းမြို့နယ်တွင် စာစစ်ဌာန (၄) ခုထားရှိပြီး အ.ထ.က (သဲကုန်း) စာစစ်ဌာနတွင် (၂၅၆) ဦး၊ အ.ထ.က (ပုတီးကုန်း) စာစစ်ဌာနတွင်(၁၅၅)ဦး၊ အ.ထ.က (ဆင်မြီးဆွဲ) စာစစ်ဌာနတွင် (၁၀၀) ဦး၊ အ.ထ.က (အင်းမ) စာစစ်ဌာနတွင် (၂၉၀) ဦး ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)