မင်းလှမြို့၌ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများဆိုင်ရာဆွေးနွေးပွဲ ကျင်းပ

အထက်မင်းလှ ဖေဖော်ဝါရီ ၂၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများဆိုင်ရာဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်()နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး  အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူး ဦးမြတ်ထွန်းဦးက အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးမြတ်သူက ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်ခိုင်မြတ်နိုးလွင်က ပြည်သူ့စစ်မှုထမ်းနည်းဥပဒေပါအချက်များအား ပြည်သူများ ကျယ်ကျယ်ပြန်ပြန့် သိရှိစေရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

 အဆိုပါဆွေးနွေးပွဲသို့ ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ပြည်သူများ၊ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)