ပန်းတောင်း ဖေဖော်ဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် ဦးဆောင်သောအဖွဲ့သည် ပန်းတောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်ဦးဆောင်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ပန်းတောင်းမြို့နယ်၊ မင်းရပ် ရပ်ကွက်ရှိ မြေနုကျွန်းပေါ်တွင် ဆောင်းသီးနှံများစိုက်ပျိုးထားရှိမှုအခြေအနေအား ကြည်ရှုစစ်ဆေးခဲ့ပြီး မကြီးထုံးကျေးရွာအုပ်စု၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသော ဆိတ္တဲ-ဂျင်းရဲကျွန်း-ကျွန်းကလေး-ကျွန်းမီးလမ်း လမ်းတံတားဘောင်ချဲ့ခြင်းနှင့် ချောင်းကျောက်ခင်းခြင်းဆောင်ရွက်နေမှုအခြေအနေအားလည်းကောင်း၊ ဒေါင်းမြတ်နားကျေးရွာအုပ်စုတောင်ပို့ကွင်းကျေးရွာ၌ တောင်ပို့ကွင်း-ဒေါင်းမြတ်နား ရွာချင်းဆက်လမ်းဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး၍လိုအပ်သည်များကို မှာကြားခဲ့ကြောင်းသိရသည်။
လပြည့်လင်း (ပြန်/ဆက်)