နတ်မောက် ဖေဖော်ဝါရီ ၂၇
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြို့မဈေးကြီးအတွင်း ကျူးကျော်တည်ခင်းဈေးရောင်းချမှုမရှိစေရေး အသိပေးဟောပြောခြင်းကို ယမန်နေ့နေ့လယ်ပိုင်းအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌက ဈေးအတွင်း ပျံကျဈေးသည်များအနေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စနစ်တကျသတ်မှတ်ထားသည့် နေရာများတွင် ရောင်းချရန်၊ ဈေးအတွင်း လူသွားလူလာလမ်းများပေါ်တွင် ဈေးဗန်းများ ခင်းကျင်းရောင်းချမှုမရှိရန်၊ ဈေးဆိုင်ကြီးများရှေ့တွင် ပိတ်ဆို့ခင်းကျင်းရောင်းချမှုမရှိစေရန်နှင့် ကျူးကျော်ဈေးဆိုင်များတွေ့ရှိလျှင် ဒဏ်ငွေရိုက်စနစ်ပြုလုပ်မည်ဖြစ်ပြီး အခြေခံလူတန်းစားဈေးသည်များ ပပျောက်မှုမဖြစ်စေရန် စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါဟောပြောပွဲသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် ဈေးကော်မတီဝင်များ၊ အခြေခံလူတန်းစားဈေးသည်များနှင့် ဈေးဆိုင်ပိုင်ရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း