မင်းလှ ဖေဖော်ဝါရီ ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဈေးအားလုံးမှ ဈေးသူဈေးသားများနှင့် မြို့နေပြည်သူများမီးဘေးအန္တရာယ်ကင်းဝေးပြီး အေးချမ်းစွာဈေးရောင်းဈေးဝယ်ခြင်းများ ဆောင်ရွက်နိုင်ကြစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီချိန်က မင်းလှမြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။
မီးဘေးကာကွယ်ရေးသရုပ်ပြလေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူးဦးဝင်းနိုင်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန်မီးသတ်တာဝန်ခံဦးစိန်ဝင်းတို့ပူးပေါင်းကာ မြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ကားများဖြင့် သရုပ်ပြရေဖြန်းမီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဗူးလက်တွေ့အသုံးပြုပြသခြင်း၊ ဂက်(စ်)မီးငြှိမ်းသတ်နည်းတို့ကို သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခဲ့သည်။
အဆိုပါ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးလှဌေး၊ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိဒေါ်သီတာဝင်းနှင့်ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များနှင့် ဈေးသူဈေးသားများ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)