နတ်မောက်မြို့နယ်၌ ဆောင်းနေကြာမျိုးမြှင့်တင်ခြင်း ဆောင်ရွက်

နတ်မောက် ဖေဖော်ဝါရီ ၂၆

‌မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ချောင်းနက်အုပ်စု၊ ဝံကိုက်ကျေးရွာတောင်သူ ဦးဘို၀င်း၏ ဆောင်းနေကြာစိုက်ခင်းတွင် ယမန်နေ့နံနက်ပိုင်းက မျိုးမြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ထိုသို့ မျိုးမြှင့်တင်ခြင်းလုပ်ငန်း‌ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိက တောင်သူဦးကြီးများအား သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် ခေတ်မှီစိုက်ပျိုးနည်းစနစ်များကို မိမိတို့ဌာန၀န်ထမ်းများနှင့်ပူးပေါင်း၍ လေ့လာကျင့်သုံးစိုက်ပျိုးကာ သီးနှံစိုက်ပျိုးထုတ်လုပ်ပြီး ဖွံ့ဖြိုးတိုးတတ်အောင်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ စိုက်ပျိုးသည့်သီးနှံများ အထွက်တိုးအောင် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးစေခြင်း၊ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များဖြင့် စိုက်ပျိုးနိုင်သည့် နည်းလမ်းများအား အသိပညာပေးခြင်း၊ မျိုးမြှင့်တင်ခြင်းလုပ်ငန်းများကို တောင်သူများနှင့်ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း‌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ မျိုးမြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာသို့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့၀င်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အကျိူးဆောင်တောင်သူ စုစုပေါင်း (၃၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မူမူစန်း