၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပေါက်ခေါင်းမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ(၄၈၁)ဦး ဝင်ရောက်ဖြေဆိုမည်

ပေါက်ခေါင်း     ဖေဖော်ဝါရီ   ၂၆

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၇)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါစာမေးပွဲတွင် ပေါက်ခေါင်းမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ(၄၈၁)ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပေါက်ခေါင်းမြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်း(၈)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ)(၁)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း(၁)ကျောင်း စုစုပေါင်း(၁၀)ကျောင်းရှိပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မတ်လတွင်ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(ပေါက်ခေါင်း)စာစစ်ဌာနတစ်ခုတည်း၌ ဖြေဆိုကြရမည်ဖြစ်ပြီး အဆိုပါအခြေခံပညာအထက်တန်းကျောင်းများနှင့်ကိုယ်ပိုင်အထက်တန်းကျောင်းတို့မှ ကျောင်းသား(၂၀၂)ဦး၊ ကျောင်းသူ(၂၇၉)ဦး စုစုပေါင်း(၄၈၁)ဦးတို့မှ သက်ဆိုင်ရာဘာသာတွဲများအလိုက် ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)