ပေါက်ခေါင်းမြို့နယ်၌ နွေစပါးပန်းတိုင်အထွက်နှုန်းတိုးတက်ထွက်ရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဧက ၅၂၀၀ ကျော်စိုက်ပျိုးပြီးစီး

ပေါက်ခေါင်း ဖေဖော်ဝါရီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ နွေစပါးစိုက်ပျိုးရေးအတွက် တောင်နဝင်းရေလှောင်တမံမှ စိုက်ပျိုးရေများကို ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ပြီး စိုက်ပျိုးမြေများသို့ စတင်ဖြန့်ဝေခဲ့ရာ နွေစပါးစိုက်တောင်သူများမှ စိုက်ပျိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မြို့နယ်စိုက်ပျိုးရေးကြီးကြပ်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်း၍ နွေစပါးပန်းတိုင်အထွက်နှုန်းတိုးတက်ထွက်ရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တောင်သူများ၏ နွေစပါးစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီက စိုက်ပျိုးရေများ စောလျင်စွာပေးဝေခဲ့ကြပြီး တောင်သူများ အကျိုးစီးပွားတိုးတက်ရရှိနိုင်စေရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းတိုးတက်ထွက်ရှိ‌ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီးယခုနှစ်တွင် ပေါက်ခေါင်းမြို့နယ်၌ နွေစပါး ၁၁၈၇၁ ဧက စိုက်ပျိုးထုတ်လုပ်ရန်လျာထားဆောင်ရွက်လျက်ရှိရာ ယမန်နေ့အထိ ၅၂၅၀ ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပေါက်ခေါင်းမြို့နယ် တောင်သူများအနေဖြင့် မိမိတို့ဒေသနှင့် ကိုက်ညီသည့် အထွက်တိုးစပါးမျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးကြပြီး၊ ရတနာတိုး၊ ထိုင်းနှံကောက်၊ YAR-14၊‌ အောင်နိုင်တိုး(YSR)ဗီယက်နန်နှင့် ရက်က် ၉၀ စပါးမျိုးများကို ပျိုးထောင်စိုက်နည်းစနစ်၊ Drum Seeder စနစ်တို့ဖြင့် အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် ကြိုးပမ်းစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)