ကျောက်တံခါး ဖေဖော်ဝါရီ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ (၁၇) ရက်နေ့မှ (၂၂) ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ရာ အခြေခံပညာအထက်တန်း (ကျောက်တံခါး) ကျောင်းဝင်းအတွင်း စာစစ်ဌာန (၃) ခု၌ ကျောင်းသား/ကျောင်းသူ (၁၁၈၆) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ အတွင်းဖြေဆိုသူ ကျား (၄၃၃) ဦး၊ မ (၆၃၇) ဦး စုစုပေါင်း (၁၀၇၀) ဦး၊ အလွတ်ဖြေဆိုသူ ကျား (၃၇) ဦး၊ မ (၇၉) ဦး စုစုပေါင်း (၁၁၆) ဦးဖြစ်ပြီး စုစုပေါင်း (၁၁၈၆) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်းနှင့် အခြေခံပညာအထက်တန်း (ကျောက်တံခါး) ကျောင်းဝင်းအတွင်း အ.ထ.က (ကျောက်တံခါး) စာစစ်ဌာန၊ အ.ထ.က (ပဲနွယ်ကုန်း) စာစစ်ဌာနနှင့် အ.ထ.က (နတ်သံကွင်း) စာစစ်ဌာနတို့ဖြင့် စာစစ်ဌာန (၃) ခုဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမှုအား မြို့နယ်ပညာရေးမှူး၊ ကြီးကြပ်ရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့များက ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲ အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက်လည်း လိုအပ်သည်များကို အကောင်းဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)