ပေါင်းတည်၌ ကြက်ဘဲမွေးမြူရေးဖြစ်ထွန်းအောင်မြင်နေမှုအား ကြည့်ရှုအားပေးကာ ဖြည့်ဆည်းဆောင်ရွက်

ပေါင်းတည် ဖေဖော်ဝါရီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ စိုက်ပျိုးမွေးမြူမှုကြီးကြပ်ရေးကော်မတီက ဒေသတွင်း စားနပ်ရိက္ခာဖူလုံ‌စေရေးအတွက် မွေးမြူရေးထုတ်ကုန်ကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေး မွေးမြူရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ၌ ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးမွေးမြူမှုကြီးကြပ်ရေးကော်မတီအဖွဲ့မှ မွေးမြူရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာသင်းသင်းခိုင်နှင့် အဖွဲ့သည် ပေါင်းတည်မြို့နယ် ကြူတောကန်ကျေးရွာအုပ်စု၊ နတ်ပုတီးကျေးရွာ ဦးကျော်နိုင်၏ ဘဲမွေးမြူရေးခြံသို့ ကွင်းဆင်းကြည့်ရှု၍ မွေးမြူထားသော ဘဲကောင်ရေ ၅၀၀၀ ၏ ကျန်းမာရေးအ‌ခြေအနေနှင့် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ပျဉ်ပုံကျေးရွာအုပ်စု၊ ကံဦးကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးညွန့်၀င်း၏ မင်းသားကြီးကြက်ခြံသို့ ဆက်လက်ကွင်းဆင်းကြည့်ရှုကာ တိုင်းရင်းကြက်များ တိုးချဲ့မွေးမြူထားရှိမှု၊ ကြက်သားပေါက်များ ထုတ်လုပ်ဖြန့်ချိနေမှု အ‌ခြေအနေများကို ကြည့်ရှုအားပေးကာ မွေးမြူရေးကြက်များ၏ ကျန်းမာရေးအခြေအနေများကို စမ်းသပ်စစ်ဆေးပေးကာ လိုအပ်သည်များကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

‌ရွှေသား